အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှ ဆရာမတစ်ဦးသည် သူမ၏တပည့်များအား သူငယ်ချင်းများအတွက် ခွန်အားပေးစာနှင့် တိုက်တွန်းစာများကို ရေးရန် စေ့ဆော်ခဲ့သည်။ ရက်များစွာကြာပြီးနောက် နိုင်ငံ၏အခြားဒေသတစ်ခု၌ ကျောင်းတွင်း ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ရာ သူတို့ရေးသားခဲ့သည့် စာများသည် ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့ကို ရင်ဆိုင်ခံစားနေရသည့် ရွယ်တူကျောင်းသားများ၏ စိတ်ဝိညာဉ်ကို အားတက်စေခဲ့သည်။
သက်သာလောနိတ်မြို့ရှိ ယုံကြည်သူများထံ ရှင်ပေါလုစာရေးချိန်တွင် သူ၏စိတ်ထဲ၌ အားပေးမှုနှင့် အပြန်အလှန် စိုးရိမ်ပူပန်မှုတို့ ရှိခဲ့သည်။ ချစ်ခင်ရသော မိတ်ဆွေများကို သူတို့ဆုံးရှုံးခဲ့ရသည်။ သို့သော် သူတို့ချစ်ရသူများအား တစ်ဖန်ပြန်လည်ထမြောက်စေမည့် ရှင်ယေရှု ပြန်ကြွလာမည့်ကတိတော်ကို ယုံကြည်ရန် တိုက်တွန်းခဲ့သည် (၁ သက်၄:၁၄)။ ထိုအရာများ မည်သည့်အချိန်၌ ဖြစ်မည်ကို ၎င်းတို့မသိသော်လည်း ယုံကြည်သူများအနေဖြင့် ဘုရား သခင်ပြန်လာပြီး စီရင်မည်ကို ကြောက်ရွံ့မှုဖြင့် စောင့်နေစရာမလိုကြောင်း ရှင်ပေါလုသတိပေးခဲ့သည်။ (၅:၉) စိုးရွံ့နေမည့်အစား ကိုယ်တော်နှင့်အတူနေရမည့် အနာဂတ်အသက်တာကို စိတ်ချစွာစောင့်နေရင်း အချင်းချင်းတိုက်တွန်းကာ တစ်ဦးကိုတစ်ဦး…
တင်မ်၏အိမ်သို့ မှာယူထားသော အစားအသောက်ပို့ရန် တာဝန်ဖြင့် ဟယ်သာ ရောက်သွားသောအခါ၊ အစားအသောက်အိတ်ကို စည်းထားသည့် ကြိုးထုံးကို ဖြည်ပေးရန် တင်မ်က အကူအညီတောင်းခဲ့သည်။ တင်မ်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်က လေဖြတ်ဝေဒနာ ခံစားခဲ့ရပြီး ကြိုးထုံးများကို သူ့ဘာသာသူ မဖြည်နိုင်တော့ပါ။ ဟယ်သာက ဝမ်းမြောက်စွာဖြင့်ပင် လုပ်ပေးခဲ့သည်။ ကျန်တစ်နေ့တာလုံး၌ ဟယ်သာ၏အတွေးများက တင်မ်ဆီသို့ မကြာခဏ ရောက်သွားပြီး တင်မ်အတွက် ဂရုပြုလက်ဆောင်ထုပ်တစ်ခုကို ပြင်ဆင်ပေးရန် နှိုးဆော်ခံခဲ့ရသည်။ ထိုနောက် တင်မ် သည် သူ့အိမ်တံခါးဝတွင် ဟယ်သာထားခဲ့သော ကိုကိုးပူပူတစ်ခွက်၊ အနီရောင်စောင်တစ်ထည်နှင့်အတူ ခွန်အားပေးသည့်စာတိုလေးကို တွေ့လိုက်သောအခါ စိတ်၌ ခံစားရလျက် မျက်ရည်ကျခဲ့သည်။
ဟယ်သာ၏လုပ်ရပ်က သူမ မူလမျှော်မှန်းထားသည်ထက် ပို၍ထူးခြားခဲ့ပါသည်။ ဣသရေလလူမျိုးတို့ “ဖိလိတ္တိလူတို့ကို တိုက်မည်ဟု စစ်ခင်းကျင်း” နေသည့်အချိန်တွင် (၁ ရာ ၁၇ :၂) ယေရှဲသည် သူ၏သားငယ်ဒါဝိဒ်အား အစ်ကိုများအတွက် အစားအသောက်…
အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်၌ Krystal (ခရစ္စတဲလ်) စတင်အလုပ်လုပ်စဉ်က Ibby (အဲဘီ) အမည်ရှိ စားသုံးသူအား ဧည့်ခံရသည်။ အဲဘီ သည် အကြားအာရုံချွတ်ယွင်းသူဖြစ်၍ သူ၏ဖုန်းတွင် စာရိုက်ပြီး အစားအစာများကို မှာယူရသည်။ အဲဘီ သည် ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ကြောင်း ခရစ္စတဲလ် သိရသော် အဲဘီ စာရေးချစရာမလိုဘဲ အစားအစာမှာယူနိုင်ရန် သူမက လက်ဟန်အနေအထားဖြင့် ဆက်သွယ်မှုစနစ်ကို သင်ယူပြီး ဝန်ဆောင်မှုပေးရန် ဆုံးဖြတ်ခဲ့၏။
အဲဘီ အား ခရစ္စတဲလ် ပြသခဲ့သည့် ကြင်နာမှုနှင့် အစေခံမှုမျိုးဖြင့် တစ်ဦးကိုတစ်ဦး လုပ်ဆောင်ပေးရန် ကျွန်ုပ်တို့အားလုံးကို ရှင်ပေတရု တိုက်တွန်းထားသည်။ ပျံ့နှံ့ကွဲပြားလျက် တိုင်းတစ်ပါးသို့ ရောက်ရှိနေသော ရှင်ယေရှုကို ယုံကြည်သူများထံ ရေးပို့သောစာတွင် “အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။ ... ဆုကျေးဇူးတော်ကို အသီးသီး ခံရကြသည်နှင့်အညီ ... အချင်းချင်း ဝေငှပေးကမ်းကြလော့” (၁…
ဂျူလီနှင့်လစ်ဇ်တို့သည် ကျောကုန်းမောက် ဝေလငါးများကို ရှာဖွေထောက်လှမ်းရန် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ကမ်းလွန်ပင်လယ်ဘက်သို့ ကယပ်လှေလှော်ထွက်ခဲ့ကြသည်။ ဝေလငါးများသည် ရေမျက်နှာပြင် အနီးအနား၌ လှုပ်ရှားလေ့ရှိသဖြင့် ၎င်းတို့ကို အလွယ်တကူ တွေ့နိုင်သည်။ ဝေလငါးတစ်ကောင်သည် သူတို့အောက်တည့်တည့်မှ ဘွားကနဲပေါ်လာရာ၊ ထိုအမျိုးသမီးနှစ်ဦးမှာ သူတို့ဘဝ၌ အံ့ဖွယ်အတွေ့အကြုံကို ရရှိခဲ့သည်။ အနီးအနား၌ရှိနေသူတစ်ဦးက ထိုအဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးမိခဲ့ပြီး ဝေလငါး၏ဧရာမပါးစပ်ကြီးနှင့် ယှဥ်လျှင် ထိုအမျိုးသမီးနှစ်ဦးနှင့် သူတို့၏ကယပ်လှေများမှာ သေးသေးနုပ်နုပ်လေး ဖြစ်သွားသည်။ သူတို့သည် ရေအောက်သို့ ခဏတာ ရောက်ရှိသွားခဲ့ပြီးနောက် ဘေးမသီရန်မခဘဲ လွတ်မြောက်ခဲ့သည်။
သူတို့၏အတွေ့အကြုံက သမ္မာကျမ်းစာ၌ ပရောဖက်ယောနကို “ငါးကြီး” မျိုချခဲ့သည့် အဖြစ်အပျက်အား ပြန်လည်ရှုမြင်စေသည် (ယောန ၁:၁၇)။ နိနဝေမြို့သားတို့အား တရားဟောရန် သူ့အား ဘုရားသခင် စေခိုင်းခဲ့သော်လည်း သူတို့ သည် ဘုရားသခင်ကို ငြင်းဆန်သူများဖြစ်သောကြောင့် ဘုရားသခင်၏ခွင့်လွှတ် ခြင်းနှင့် မထိုက်တန်ဟု ယောန ခံယူခဲ့သည်။…
၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၁) ရက်၊ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မှု ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် နယူးယောက်မြို့ ကောင်းကင်ယံတွင် ရင်သပ် ရှုမောဖွယ်ရာ နှစ်ထပ်သက်တန့်ကြီးက တင့်တယ်စွာ ရှိနေခဲ့သည်။ ယခင် Twin Towers (မိုးပျံ အမြွှာမျှော်စင်) တည်ရှိရာ ဤမြို့သည် တိုက်ခိုက်မှု၏ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ အနှစ် ၂၀ ကျော်ကြာပြီးနောက်၊ ထိုနှစ်ထပ်သက်တန့်သည် မြင်တွေ့ရသူများထံသို့ မျှော်လင့်ခြင်းနှင့် ကုစားခြင်းဟူသောခံစားမှုကို ယူဆောင်လာခဲ့သည်။ ထိုအခိုက်အတန့်ကို ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုတွင် World Trade Center (ကမ္ဘာ့ကုန်သွယ်မှုဗဟိုအဆောက်အအုံ) ဘက်မှ ထွက်ပေါ်လာသော သက်တန့်များကို ရိုက်ကူးထားပုံရသည်။
ကောင်းကင်ရှိသက်တန့်များသည် နောဧလက်ထက်မှစ၍ ဘုရားသခင်၏ သစ္စာရှိခြင်းအပေါ် ယုံကြည်စိတ်ချရမှုကို ယူဆောင်လာခဲ့သည်။ မတွေးတတ်အောင်ပင် ပျက်စီးခြင်းများဖြစ်ပေါ်စေသည့် အပြစ်တရားအပေါ် ဘုရားရှင်၏ စီရင်ခြင်းနောက်ပိုင်းတွင် ကိုယ်တော်သည် အသက်ရှင်သောသတ္တဝါအပေါင်းနှင့်…
ဘာဘရာသည် သူမ၏ မြေးဖြစ်သူ အီသန်အတွက် ဆွယ်တာအင်္ကျီထိုး၍ မပြီးမီကွယ်လွန်သွားခဲ့သည်။ သူတို့၏လုပ်ငန်းမပြီးဆုံးမီ ဤဘဝမှထွက်ခွာသွားသူနှင့် ၎င်း၏ချစ်ရသူများအား အဖွဲ့အစည်းတစ်ခုမှ စေတနာ့ဝန်ထမ်း လက်မှုပညာရှင်များ—“အပြီးသပ်သူများ”နှင့် ချိတ်ဆက်ပေးခဲ့၍၊ ဆွယ်တာအင်္ကျီကို အပြီးသပ်ရန် ချည်ထိုးသူ၏လက်သို့ ယုံယုံကြည်ကြည်အပ်လိုက်သည်။ ဝမ်းနည်းနေသူတို့အား နှစ်သိမ့်မှုပေးသည့် အလုပ်တစ်ခုကို အပြီးသပ်ပေးရန် “အပြီးသပ်သူများ”သည် ၎င်းတို့၏အချိန်နှင့် ကျွမ်းကျင်မှုကို မေတ္တာဖြင့် မြှုပ်နှံထားသည်။
ဘုရားသခင်သည် ဧလိယ၏အလုပ်အတွက်လည်း “အပြီးသပ်သူ”ကို ခန့်အပ်ခဲ့သည်။ ဣသရေလလူမျိုးများက ဘုရားသခင်၏ပဋိညာဉ်ကို ငြင်းပယ်ပြီး ပရောဖက်များကို သတ်ဖြတ်သည့်အတွက် ပရောဖက်ဧလိယသည် အထီးကျန်ပြီး စိတ်ပျက်အားလျော့နေခဲ့သည်။ ယင်းအတွက် ဘုရားသခင်က ဧလိယအား “ဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ခန့်ထား၍ ဘိသိတ်ပေး”ရန် ပြောကြားခဲ့သည် (၃ ရာ ၁၉:၁၆)။ ၎င်းက ဧလိယသေဆုံးပြီးနောက်တွင်လည်း ဘုရားသခင်၏ အမှန်တရားကို ထုတ်ဖော်ပြောကြားခြင်းအမှု ဆက်လက်လုပ်ဆောင်ရန် အတည်ပြုပေးခဲ့သည်။
ဘုရားသခင်၏ပရောဖက်အဖြစ် ဧလိယ၏နေရာကိုဆက်ခံရန် ဘုရားသခင် ခေါ်ထားကြောင်း…
အမေရိကန်နိုင်ငံ၊ ပင်ဆာဗေးနီးယားပြည်နယ်ရှိ Mars (မားစ်)သကြားလုံးစက်ရုံမှ အလုပ်သမားနှစ်ဦးသည် ချောကလက် စည်ပိုင်းကြီးထဲသို့ ပြုတ်ကျသွားခဲ့သည်။ ၎င်းကို ဟာသတစ်ခု၏အစဟု ထင်ရသလို ချောကလက်ချစ်သူများအတွက် လှပသည့် ပြဿနာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုသူတို့သည် ထိခိုက်မှုမရှိသော်လည်း ခါးအထိနှစ်သွားသည့် အချိုရည်စည်ထဲမှ ကိုယ့်ဘာသာကိုယ် ပြန်မထွက်လာနိုင်ပါ။ နောက်ဆုံးတွင် ၎င်းတို့အား ဘေးကင်းရာသို့ ပို့ဆောင်နိုင်ရေး မီးသတ်သမားများက စည်ဘေးဘက်ကို အပေါက်ဖောက်ခဲ့ရသည်။
ပရောဖက်ယေရမိသည် ရွှံ့နွံပြည့်သောရေကန်၏အောက်ခြေတွင် သူ့ကိုယ်သူ တွေ့ရှိသောအခါ ဇာတ်လမ်းက လှပနေသည်။ ယေရုရှလင်မြို့၌ ဘုရားသခင်၏ လူမျိုးတော်အား သတင်းစကားပါးရသည့် စေတမန်တစ်ဦးအနေနှင့် မကြာမီ မြို့ကို ဗာဗုလုန်ရှင်ဘုရင်၏စစ်တပ်လက်သို့ အပ်မည်ဖြစ်၍ (ယေ ၃၈:၂) မြို့မှထွက်ခွာရန် အရေးတကြီးကြေညာခဲ့သည်။ ဘုရင်ဇေဒကိ၏မှူးမတ်အချို့က ယေရမိ၏စကားများသည် စစ်သူရဲတို့ကို အားလျော့စေခြင်းကြောင့် သူ့အား သတ်ပစ်ရန် တောင်းဆိုခဲ့သည် (:၄)။ ရှင်ဘုရင်က မှူးမတ်များ၏အလိုအတိုင်း သဘောတူခဲ့ပြီး ယေရမိကို…
ကျောရိုးအာရုံကြောဒဏ်ရာကြောင့် အကြောသေနေသူများအတွက် မျှော်လင့်ချက် အကြောင်းရင်းသစ်တစ်ခု ထွက်ပေါ်လာသည်။ ဂျာမန်သုတေသနပညာရှင်များက ကြွက်သားနှင့် ဦးနှောက်ကြားရှိ အာရုံကြောလမ်းကြောင်းများကို ပြန်လည်ချိတ်ဆက်ရန်အတွက် အာရုံကြောကြီးထွားမှုကို လှုံ့ဆော်ရန် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုကြီးထွားမှုသည် အကြောသေနေသောကြွက်များကို လမ်းပြန်လျှောက်စေနိုင်ခဲ့ပြီး၊ ထိုကုထုံးသည် လူသားများအတွက် ဘေးကင်းပြီး ထိရောက်မှု ရှိမရှိ ဆုံးဖြတ်နိုင်ရန် စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အကြောသေရောဂါဝေဒနာရှင်များကိုယ်စား သိပ္ပံနည်းပညာဖြင့် အောင်မြင် ရန် ကြိုးပမ်းသည့်အရာကို သခင်ယေရှုက အံ့ဖွယ်နိမိတ်လက္ခဏာဖြင့် လုပ်ဆောင်ခဲ့သည်။ အနာငြိမ်းရန်မျှော်လင့်ချက်ဖြင့် နာမကျန်းသူများစွာတို့ စုဝေးနေသော ဗေသေသဒရေကန်သို့ သခင်ယေရှုသွားရောက်သောအခါ ထိုသူများထဲမှ “၃၈နှစ်ပတ်လုံး ရောဂါစွဲသောသူ” (ယော ၅:၅) တစ်ဦးကို တွေ့ရှိခဲ့သည်။ ထိုလူသည် အမှန်တကယ်ပင် ရောဂါပျောက်ကင်းလိုကြောင်းအတည်ပြုပြီးနောက်ခရစ်တော် က သူ့ကို မတ်တပ်ရပ်ပြီး လမ်းလျှောက်ရန် ညွှန်ကြားခဲ့သည်။ “ခဏချင်း၌ ထိုသူသည် ပကတိအဖြစ်သို့ရောက်၍ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏၊” (:၉)။
ကျွန်ုပ်တို့၏ ခန္ဓာပိုင်းဆိုင်ရာ ဝေဒနာများအားလုံးကို ပျောက်ကင်းစေမည်ဟု…
နွေဦးရောက်တိုင်း သင်းပျံ့မွှေးကြိုင်သောချယ်ရီပန်းများသည် ပန်းရောင်ဖျော့ဖျော့၊ ပန်းရောင်စိုစို လွင်လွင် အလှများဖြင့် ဂျပန်နိုင်ငံအနှံ့ဖုံးလွှမ်းကာ ဒေသခံများနှင့် နိုင်ငံခြားခရီးသွားများအား သာယာကြည်နူးစေသည်။ ခဏတာသာ ဖူးပွင့်သည့် သဘာဝရှိသည့် ပန်းပွင့်များက သူတို့ပွင့်လန်းနေစဉ် သူတို့၏အလှနှင့်ရနံ့ကို ခံစားရန်ဆိုသည့် ပြင်းပြသောအသိကို ဂျပန်လူမျိုးတို့၌ ပျိုးထောင်ပေးသည်။ တိုတောင်းလှသည့် ထိုအတွေ့အကြုံက ဆွတ်ပျံ့လွမ်းမောဖွယ်အရှိန်ကိုမြင့်စေသည်။ လျင်မြန်စွာပြောင်းလဲသွားမည့်အရာ၌ တမင်တကာ သာယာကြည်နူးခံစားခြင်းကို ‘mono-no-aware’ (တစ်စုံတစ်ရာအတွက် ကရုဏာရသ) ဟု ခေါ်ကြသည်။
လူသားများအနေဖြင့် တာရှည်ခံသည့် ဝမ်းမြောက်ခြင်းကို ရှာဖွေလိုသည်မှာ နားလည်နိုင်ဖွယ်ရာ ဖြစ်သည်။ သို့သော် လက်တွေ့ဘဝသည် ခက်ခဲမှုများကို ဖြေရှင်းရသည်။ အဓိပ္ပာယ်မှာ မေတ္တာတော်ရှင်ဘုရားသခင်၌ ယုံကြည်ခြင်းအမြင်ဖြင့် နာကျင်မှုနှင့် သာယာပျော်ရွှင်မှုနှစ်ခုစလုံးအား ကြည့်နိုင်သည့် စွမ်းရည်မျိုးကို ကျွန်မတို့ ပျိုးထောင်ရန်ဖြစ်သည်။ အသက်တာကို အလွန်အကျွံအဆိုးမြင်ခြင်း (သို့) လက်တွေ့မကျစွာ အကောင်းမြင်တတ်လွန်းခြင်းမျိုးတို့ မလိုအပ်ပေ။
ဒေသနာကျမ်းက ကျွန်မတို့အတွက် အထောက်အကူဖြစ်စေမည့် စံနမူနာတစ်ခုကို ပြသပေးထားသည်။ ထိုကျမ်းစာစောင်သည်…
သူမ၏ခွေးများနှင့် စကားပြောလေ့ရှိသည့် ကျွန်မ၏ယောက္ခမကို မြတ်နိုးစွာ ကျွန်မစနောက်လေ့ရှိသည်။ ခွေးဟောင်တိုင်း သူမက ကြင်နာသောနားလည်မှုဖြင့် တုံ့ပြန်လေ့ရှိသည်။ ယခုတွင် သူမနှင့် နေရာတိုင်းရှိ ခွေးပိုင်ရှင်တို့သည် ၎င်းတို့၏ မိတ်ဆွေခွေးများ၏အသံကို နားထောင်ရင်း ရယ်နေကြပေလိမ့်မည်။ ခွေးများ၊ နွားများ၊ မြေခွေးများ၊ ပင်လယ်ဖျံများနှင့် ကျေးငှက်များတွင် ရယ်သံဟုသိကြသည့် “အချက်ပြအသံများ” ရှိကြောင်း သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအသံများ၏ခြားနားမှုကို သိပါက လူတို့၏အမြင်တွင် ရန်ဖြစ်နေပုံရသည့် တိရစ္ဆာန်တို့၏အပြုအမူများကို အသေအချာ ခွဲခြားနိုင်လိမ့်မည်။
ထိုတိရစ္ဆာန်များ ပြသသည့် ရယ်သံများနှင့် ပျော်ရွှင်မှုတို့သည် တစ်နည်းဆိုရလျှင် သူတို့ကိုယ်ပိုင်နည်းလမ်းဖြင့် ဘုရားသခင်ကို ချီးမွမ်းရန် ကိုယ်တော်၏ ဖန်ဆင်းခြင်းတစ်ရပ်ဟု ကျွန်ုပ်တို့ကို သိမြင်နားလည်စေလျက်၊ ကျွန်ုပ်တို့ကိုလည်း ပျော်ရွှင်စေပါသည်။ ဒါဝိဒ်မင်းကြီးသည် သူ့ပတ်ဝန်းကျင်ကိုမျှော်ကြည့် သည့်အခါ “တောင်တို့သည်လည်း ပီတိခါးစည်းနှင့် စည်းလျက်ရှိကြ”ပြီး “လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက်ရှိ၍၊ ကျူးဧသောအသံနှင့် သီချင်းဆိုကြ” သကဲ့သို့ သူခံစားခဲ့ရသည်…